📌 (၂၀၂၅)ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက် (ကြာသပတေးနေ့)တွင် Zifam ဆေးကုမ္ပဏီ မိသားစုဝင်များမှ (၂၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
📌 စုပေါင်းမဟာ ဘုံကထိန်အနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၈၅)ရပ်ကွက်၊ ပုဏ္ဏမီလမ်းတွင်ရှိသော ရွှေပြည်အေးပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအတွက် ကထိန်သင်္ကန်းများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ကျောင်းနဝကမ္မအလှူငွေ သိန်း(၉၀) ကျပ်ကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
📌 အဆိုပါကောင်းမှုကုသိုလ်အစုစုကို မြန်မာပြည်သူပြည်သားများနှင့်တကွ Zifam Myanmar Fan များအားလုံး ထပ်တူထပ်မျှရရှိစေရန် Zifam ဆေးကုမ္ပဏီမိသားစုဝင်များမှ ပေးဝေငှပါသည်။