၂ဆကူးစက်မြန် Delta

🦠၂ဆကူးစက်မြန် Delta

📌Delta ကူးစက်ပျံ့နှံ့ပုံ

🔹Delta မျိုးစိတ်ဟာ အလွန်အမင်းကူးစက်လွယ်ပြီး အရင်ကိုဗစ်မျိုးစိတ်တွေထက် ၂ဆ‼️ပိုမိုကူးစက်မြန်ကြောင်းတွေ့ရှိရပါတယ်။

🔹တချို့သော လေ့လာတွေ့ရှိချက်တွေအရ Delta မျိုးစိတ်ဟာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ အရင်မျိုးစိတ်တွေထက် ရောဂါပိုမိုပြင်းထန်ကြောင်းဖော်ပြထားပါတယ်။

🔹Canada နိုင်ငံနှင့် Scotland နိုင်ငံမှ လေ့လာတွေ့ရှိချက်အရ Delta မျိုးစိတ်ဟာ Alpha မျိုးစိတ် နှင့်တခြားသောမူလမျိုးစိတ်တွေထက် ဆေးရုံတက်ရောက်ကုသရတဲ့အခြေအနေပိုများကြောင်းဖော်ပြထားပါတယ်။

💉ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကတော့ အရမ်းကိုသတိထားရပါမယ်။ Delta မျိုးစိတ်ဟာ ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့သူတွေမှာတောင် ရောဂါကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားပြီး ရောဂါကူးစက်ခံရလျှင် လက္ခဏာပြတာလဲဖြစ်နိုင်သလို၊ လက္ခဏာမပြတာလဲဖြစ်နိုင်ပါတယ်။

👉🏻လက္ခဏာပြတဲ့သူတွေကတော့ တခြားသူတွေကို ရောဂါကူးစက်စေနိုင်ပြီး

👉🏻ရောဂါလက္ခဏာမပြတဲ့သူတွေဆိုရင် တခြားသူကို ရောဂါကူးစက်နိုင်လားဆိုတာကိုတော့ Centers for Disease Control and Prevention အဖွဲ့အစည်းမှ ဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။

🦠အရင်မျိုးစိတ်တွေတုန်းက ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ကိုဗစ်ထပ်မံကူးစက်ခံရရင် ကာကွယ်ဆေးမထိုးထားတဲ့သူတွေထက် ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်ပြန့်ပွါးနှုန်းဟာပိုမိုနည်းပါးစေပါတယ်။

‼️ဒါပေမယ့် Delta မျိုးစိတ်မှာတော့ ရောဂါကူးစက်ခံရရင် ကာကွယ်ဆေးထိုးထားသူဖြစ်ဖြစ်၊ မထိုးထားသူဖြစ်ဖြစ် ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်ပြန့်ပွါးနှုန်းက အတူတူပဲဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ တခြားသူကို ရောဂါကူးစေနိုင်တဲ့အချိန်ပမာဏက ပိုတိုစေနိုင်ပါတယ်။

📌Delta နှင့် ကိုဗစ်ကာကွယ်ဆေး

🇺🇸U.S နိုင်ငံမှာ အသုံးပြုတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကတော့ Delta မျိုးစိတ်အပါအဝင် တခြားမျိုးစိတ်ကြောင့်ဖြစ်စေနိုင်တဲ့ ရောဂါဆိုးရွားမှုတွေ၊ အသက်​သေဆုံးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး။ တချို့ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့သူမှာတောင် ရောဂါထပ်မံကူးစက်ခံရနိုင်ပြီး ရောဂါလက္ခဏာခံစားစေနိုင်ပါတယ်။ သို့သော် ကာကွယ်ဆေးထိုးထားတဲ့အတွက်ကြောင့် ရောဂါဆိုးဆိုးရွားရွားဖြစ်တာတွေ၊ အသက်ဆုံးရှုံးရတာတွေကိုတော့ အတော်အတန်ကာကွယ်ပေးနိုင်ပါတယ်။

📌Masks တပ်ပါ

ကာကွယ်ဆေးတွေဟာ ရောဂါပြန့်ပွါးမှုနဲ့ ရောဂါဆိုးရွားမှု တွေကိုလျှော့ချနိုင်ဖို့ အဓိကအရေးပါတဲ့အချက်ဖြစ်ပေမယ့် ကာကွယ်ဆေးထိုးထားတိုင်းလဲ အပြည့်အဝမကာကွယ်နိုင်သေးပါဘူး။ ထပ်မံကူးစက်ခံရနိုင်ခြေရှိပါတယ်။

😷ဒါကြောင့် ရောဂါကူးစက်ပျံနှံ့မှုကို လျှော့ချနိုင်ဖို့အတွက် Mask များကို စနစ်တကျတပ်ဆင်ပြီး ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို ဂရုတစိုက်လိုက်နာဖို့ အရေးကြီးပါတယ်။

Ref: CDC, 2021. Centers for Disease Control and Prevention. [Online]
Available at: https://www.cdc.gov/…/2019…/variants/delta-variant.html
[Accessed 24 August 2021].

#zifam #CaringforWellbeing

#COVID19 #covid

#DeltaVariant