အိုမီခရွန်က စတုတ္ထလှိုင်းအသွင်ဆောင်လာနိုင်လား…

 

📌Covid 19 ရောဂါကြီးမပြီးဆုံးသွားသေးပါ။ Covid 19 ဗိုင်းရပ်စ်ပိုးဟာ သက်မဲ့မဟုတ်တဲ့အတွက်ပိုမိုပြင်းထန်နိုင်တဲ့မျိုးရိုးဗီဇကွဲတွေဖြစ်ပေါ်စေပြီး အသက်အန္တရာယ်များစွာကိုခြိမ်းခြောက်နိုင်နေဆဲဆိုတာ သတိချပ်ကြစေလိုပါတယ်။

👉၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှနေပြီး 🧬Omicron ဆိုတဲ့ Covid 19 မျိုးရိုးဗီဇကွဲ B.1.1.529 ကို Variant of Concern (အရေးပေါ်ကိုင်တွယ်ဖြေရှင်းရမည့်မျိုးကွဲ) အဖြစ်သတ်မှတ်လိုက်ပါတယ်။ ဒီလိုသတ်မှတ်လိုက်ရခြင်းဟာလည်း Omicron ဟာမျိုးရိုးဗီဇပြောင်းလဲခြင်းများစွာဖြစ်နိုင်ပြီး ကူးစက်နှုန်းများနိုင်ခြေ နှင့် ရောဂါလက္ခဏာဆိုးရွားနိုင်ခြေတို့အပေါ်သက်ရောက်မှုရှိနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။

လတ်တလောအချိန်အထိသိရှိထားတဲ့ Omicron ရဲ့အချက်အလက်များ
===========================================
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့မှစပြီး တောင်အာဖရိကမှာ နောက်ဆုံး Covid 19 မျိုးကွဲတွေ့ရတယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မရှေ့မနှောင်းမှာပဲ ဩစတြေးလျ၊ ဟောင်ကောင်၊ အစ္စရေး၊ နယ်သာလန် နှင့် ကနေဒါတို့မှာပါ ရောဂါအတည်ပြုလူနာတွေရှိလာဆိုပြီး Axios reports မှာဖော်ပြထားပါတယ်။

📌Omicron မျိုးကွဲ ရဲ့ကူးစက်ပျံ့ပွားနိုင်ခြေ (Transmissibility)ဟာ Delta မျိုးကွဲအပါအဝင် အခြား Covid 19 မျိုးကွဲများထက် ပိုများတယ်လို့သတ်မှတ်လို့မရနိုင်သေးပါဘူး။ လေ့လာစမ်းသပ်မှုတွေပြုလုပ်နေဆဲဖြစ်တဲ့အတွက် နောက်ပိုင်းမှာပိုမိုတိကျတဲ့အချက်အလက်များရနိုင်မှာဖြစ်ပါတယ်။

📌Omicron မျိုးကွဲ ဟာ Delta မျိုးကွဲအပါအဝင် အခြား Covid 19 မျိုးကွဲများထက် ရောဂါပြင်းထန်နိုင်ခြေ (Severity of Disease) ပိုများတယ်လို့သတ်မှတ်လို့မရနိုင်သေးပါဘူး။ ပဏာမအကြိုအဆင့် ( Preliminary ) စမ်းသပ်စစ်ဆေးချက်များအရ တောင်အာဖရိကမှာ ဆေးရုံတက်နှုန်းတွေပိုများလာတာကိုတွေ့ရပြီး Omicron ကြောင့်လို့တော့အတိအကျသတ်မှတ်လို့မရနိုင်သေးပါ။ နောက်ပြီး Omicron မျိုးကွဲဟာ အခြား Covid 19 မျိုးကွဲများနှင့် ကွဲပြားတဲ့ရောဂါလက္ခဏာများရှိ/မရှိဆိုတာလည်း သေချာမပြောနိုင်သေးပါဘူး။ ဒါပေမယ့် Omicron မျိုးကွဲရဲ့ ရောဂါလက္ခဏာပြင်းထန်မှုကိုသိရဖို့ ရက်ပိုင်းမှ ရက်သတ္တပတ်များစွာကြာနိုင်ကြောင်းဖော်ပြထားပါတယ်။

👥Covid 19 ဖြစ်ဖူးသူများ
ပဏာမအကြိုအဆင့် ( Preliminary ) စမ်းသပ်စစ်ဆေးချက်များအရ အခြား Covid 19 မျိုးကွဲများနှင့်နှိင်းယှဉ်လျှင် Omicron မျိုးကွဲဟာ Covid 19 ဖြစ်ဖူးသူများကိုပြန်လည်ကူးစက်ခံရနိုင်ခြေပိုများတယ်လို့ဖော်ပြထားပါတယ်။ သိပ်မကြာခင်မှာတော့ ပိုမိုတိကျတဲ့သတင်းအချက်အလက်များကို WHO မှထုတ်ပြန်သွားဖို့ရှိပါတယ်။

💉Covid 19 ကာကွယ်ဆေးများ
WHO မှ Omicron မျိုးကွဲနှင့် လက်ရှိ Covid 19 ကာကွယ်ဆေးများဆက်စပ်မှုကိုဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Covid 19 ကာကွယ်ဆေးများဟာ Delta မျိုးကွဲအပါအဝင် အခြားမျိုးကွဲများကိုပါ ထိရောက်စွာကာကွယ်နိုင်တဲ့အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ပြုလုပ်ကြဖို့ WHO မှတိုက်တွန်းထားပါတယ်။

🕵️‍♀️Covid 19 စမ်းသပ်စစ်ဆေးနည်းများ
အများစုလက်ခံထားကြတဲ့ PCR စမ်းသပ်စစ်ဆေးနည်းဟာ Covid 19 မျိုးကွဲများကိုစစ်ဆေးနိုင်သလို Omicron မျိုးကွဲကိုလည်းစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးစမ်းသပ်နိုင်တဲ့ Rapid Antigen Test အပါအဝင် အခြားစမ်းသပ်စစ်ဆေးနည်းတွေအပေါ်မှာ Omicron မျိုးကွဲရဲ့သက်ရောက်မှုရှိ /မရှိကိုတာ့ စမ်းသပ်လေ့လာနေဆဲဖြစ်ပါတယ်။

✅Omicron အပါအဝင် Covid 19 မျိုးကွဲတွေဘယ်လောက်များများ လက်ရှိလိုက်နာကျင့်သုံးနေ တဲ့ တစ်ဦးနဲ့တစ်ဦး တစ်မီတာ အကွာမှာနေထိုင်ခြင်း၊ နှာခေါင်းစည်း (Mask) ကိုဝတ်ဆင်ခြင်း၊ လူစုလူဝေးကိုရှောင်ရှားခြင်း၊ လက်ကိုစနစ်တကျသန့်စင်ခြင်း၊ နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပဝါ/တစ်ရှုး(သို့) တံခေါက်ကွေးဖြင့်ဖုံးအုပ်ခြင်း၊ Covid 19 ကာကွယ်ဆေးထိုးနှံခြင်း စသည့် Covid 19 ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ခြင်းတို့ခြင့် အထိရောက်ဆုံးကာကွယ်နိုင်ကြောင်း WHO မှတိုက်တွန်းထားပါတယ်။

👉Omiron ဘယ်လိုအန္တရာယ်ပေးနိုင်လဲဆိုတာတွေးကြောက်နေခြင်းထက် Covid 19 ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ကိုအရှိန်အဟုန်မပြတ်ဆက်လက်ထိန်းသိမ်းလိုက်နာခြင်းကသာ အဖြေဖြစ်ပါတယ်။

🙏Healthier Life Facebook Fan များအပါအဝင် မြန်မာပြည်သူပြည်သားများအားလုံး Covid 19 ရောဂါဆိုးကြီးမှကင်းဝေးနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ref:
📌www.who.int. (n.d.). Update on Omicron. [online] Available at: https://www.who.int/news/item/28-11-2021-update-on-omicron? [Accessed 30 Nov. 2021].

📌‌Reyes, Y. and Saric, I. (2021). First North American Omicron cases identified in Canada. [online] Axios. Available at: https://www.axios.com/covid-19-omicron-variant-canada… [Accessed 30 Nov. 2021].