အပြင်ထွက်တဲ့အခါတိုင်း ဘာ့ကြောင့်ပါးစပ်နဲ့နှာခေါင်းစည်း (Mask)တပ်ဖို့လိုအပ်တာလဲ

အပြင်ထွက်တဲ့အခါတိုင်း ဘာ့ကြောင့် ပါးစပ်နဲ့နှာခေါင်းစည်း (Mask)တပ်ဖို့လိုအပ်တာလဲ

ကိုရိုနာ COVID-19 ဗိုင်းရပ်စ်ပိုးဟာ နှာချေ၊ ချောင်းဆိုး၊ စကားပြောဆိုရာမှတစ်ဆင့် လူ့ခန္ဓာကိုယ်ပြင်ပကို အစက်အမှုန် (Droplets) တွေအနေနဲ့ ထွက်ရှိလာပြီး အနီးပတ်ဝန်းကျင်သို့ အများအားဖြင့် (၃) ပေမှ (၆) ပေခန့်အထိ ပျံ့နှံ့နိုင်တာကို တွေရှိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးပါဝင်တဲ့ အစက်အမှုန်တွေဟာ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်မှတစ်ဆင့် လူ့ခန္ဓာကိုယ်တွင်းကို ဝင်ရောက်ကူးစက်စေပါတယ်။

ရောဂါလက္ခဏာပြသခြင်းမရှိဘဲ မိမိအနားရှိ အမြင်အားဖြင့် နေကောင်းနေတဲ့သူများထံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေနိုင်ပါတယ်။

ဒါ့ကြောင့်မို့ အပြင်ထွက်တဲ့အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ဖြင့် ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ထားရမှာဖြစ်ပြီး အများနဲ့ထိတွေ့ဆက်ဆံနေရသူတွေအနေနဲ့ကတော့ မျက်နှာအကာ (Face Shield) ကိုပါတွဲဖက်အသုံးပြုသင့်ပါတယ်။

ဒါ့အပြင် ရာသီဥတုပူပြင်းမှုကြောင့်ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများကိုကာကွယ်ဖို့လည်းလိုအပ်တဲ့အတွက် အပြင်ထွက်တိုင်း Mask တပ်ဖို့လိုတဲ့အပြင် အပူဒဏ်ကိုကာကွယ်နိုင်ဖို့ ဦးထုပ်၊ ထီး၊ နေကာမျက်မှန်တို့ကိုပါ ယူဆောင်သွားဖို့ Zifam Myanmar မှအကြံပြုအပ်ပါတယ်။

Credit- Ministry of Health and Sports Myanmar FB Page