အထင်သေးလေ့ရှိကြတဲ့ကရုဏာရဲ့ကုသမှုစွမ်းအား ဓမ္မသဘင်တရားပွဲသင်တန်း

The Underestimated Healing Power of Compassion

Zifam Company၏နှစ်သစ်ဓမ္မလက်ဆောင်အဖြစ်ကျင်းပပြုလုပ်သော ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော်ပါမောက္ခ ဒေါက်တာဓမ္မသာမိဟောကြားတော်မူသော “The Underestimated Healing Power of Compassion – အထင်သေးလေ့ရှိကြတဲ့ကရုဏာရဲ့ကုသမှုစွမ်းအား” ခေါင်းစဉ်ဖြင့်ဓမ္မသဘင်တရားပွဲသင်တန်းကို၂၇.၁.၂၀၂၀(တနင်္လာနေ့)တွေ ရန်ကုန်မြို့ပြည်လမ်းရှိ Novotel Hotelတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတရားပွဲသင်တန်းတွင် နမောတဿ(၃)ကြိမ်ရွတ်ဆိုကာဓမ္မသဘင်အခမ်းအနားကိုစတင်ခဲ့ပြီး ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော်ပါမောက္ခ ဒေါက်တာဓမ္မသာမိ (ဓမ္မာစရိယ၊ DPhil(Oxford) ပါမောက္ခချုပ်၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်)မှ “The Underestimated Healing Power of Compassion – အထင်သေးလေ့ရှိကြတဲ့ကရုဏာရဲ့ကုသမှုစွမ်းအား” ခေါင်းစဉ်ဖြင့်ဓမ္မသဘင်တရားသင်တန်းကိုဟောပြောပို့ချခဲ့ပါသည်။

ထို့နောက် တရားနာပရိတ်သတ်များများမှ ဆရာတော်အားသိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုကာဘုရားကန်တော့ပြီး ဓမ္မသဘင်ကိုအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။