သင်နှင့်သင့်ပတ်ဝန်းကျင် ကျန်းမာရေးအတွက် စည်းကမ်းရှိပေးပါ…

သင်နှင့်သင့်ပတ်ဝန်းကျင် ကျန်းမာရေးအတွက် စည်းကမ်းရှိပေးပါ…

📌COVID19 ဗိုင်းရပ်စ်ပိုးဟာ ရောဂါရှိသူရဲ့ တံတွေးဂလင်းမှာခိုအောင်းနိုင်တဲ့အတွက် တံတွေးထွေးခြင်း၊ နှာချေခြင်းတို့မှတဆင့် ရောဂါပိုးကူးစက်ပျံ့ပွားတတ်ပါတယ်။ ကွမ်းစားတဲ့သူတွေဟာ သာမန်လူများထက် ပိုပြီးတော့တံတွေးထွေးတဲ့အတွက်ရောဂါပိုးရှိနေရင် အနီးအနားမှာရှိတဲ့သူများကိုကူးစက်နိုင်ခြေပိုများစေပါတယ်။ ရောဂါပိုးရှိတဲ့သူရဲ့တံတွေးနဲ့တိုက်ရိုက်ထိတွေ့ခြင်းဖြင့်ကူစက်နိုင်သလို ရောဂါပိုးရှိတဲ့တံတွေးတင်ကျန်နေတဲ့အရာဝတ္ထုတွေကနေလည်းကူးစက်စေနိုင်ပါတယ်။

📌နောက်ပြီးရောဂါပိုးရှိသူ ဒါမှမဟုတ် ရောဂါပိုးတင်ကျန်နေတဲ့ကွမ်းယာကိုစားသုံးခြင်းဖြင့် မိမိကိုကူးစက်စေနိုင်တဲ့အတွက်လည်း ကွမ်းယာစားသုံးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။

📌ဒါ့အပြင် COVID19 ရောဂါပိုးမှမဟုတ်ပါဘူး အခြားရောဂါပိုးတွေဖြစ်တဲ့ ဘီပိုး၊ စီပိုး၊ တုပ်ကွေးရောဂါပိုး၊ ရေယုန် နဲ့ အခြားသောရောဂါပိုးတွေဟာလည်း တံတွေးမှတဆင့်ကူးစက်နိုင်တဲ့အတွက် ကွမ်းစားခြင်း၊ ကွမ်းတံတွေးထွေးခြင်းတို့ကိုရှောင်ကြဉ်ခြင်းဖြင့် အဆိုပါရောဂါပိုးတွေကိုပါအထိုက်အလျောက်ကာကွယ်ရာရောက်ပါတယ်။

📌မြန်မာနိုင်ငံ၏ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်းနှင့် ကူးစက်မဟုတ်သော ရောဂါများ ဖြစ်စေနိုင်သော အကြောင်းအချက်များ စစ်တမ်းကောက်ယူခြင်း(၂၀၁၄) အရ မြန်မာနိုင်ငံတွင်ကွမ်းယာစားသုံးသူမှာ ၄၃.၂ ရာခိုင်နှုန်းရှိပါတယ်။ ကွမ်းယာစားသုံးခြင်းဟာ ခံတွင်းကင်ဆာ နှင့် လျှာကင်ဆာတို့ဖြစ်ပွားစေတဲ့အဓိကအကြောင်းအရင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးခြင်းဟာ သဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေနိင်သလို မိမိနေထိုင်ရာပတ်ဝန်းကျင်ကိုပါ အရုပ်ဆိုးအကျည်းတန်စေပါတယ်။

📣အဆိုပါအကြောင်းအရာများနှင့် ပတ်သက်ပြီး ၂ဝ၂ဝခုနှစ် ဧပြီလ (၂၈) ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (Ministry of Health and Sports, Myanmar) Facebook မှာလည်း အသိပေးနှိုးဆော်ထားပါတယ်။

😊ဒါ့ကြောင့် လူမှုတာဝန်သိသောပြည်သူများအား ကွမ်းစားခြင်း/ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြည်ခြင်းဖြင့် COVID19 ရောဂါပိုးကူးစက်ပျံ့ပွားမှုကိုထိန်းချုပ်ရင်း ကွမ်းတံတွေးကြောင့်အကျည်းတန်စေမယ့်သဘာဝပတ်ဝန်းကျင်အလှအပကိုလည်း ထိန်းသိမ်းနိုင်ဖို့နှိုးဆော်တိုက်တွန်းအပ်ပါတယ်။

မှတ်ချက်။ ။အထက်ပါအကြောင်းအရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (Ministry of Health and Sports, Myanmar) Facebook Page တွင် နှိုးဆော်ထားသော အကြောင်းအရာများမှ မှီငြမ်းပြီးကောက်နုတ်ဖော်ပြထားပါသည်။