သင့်အတွက်အလုံခြုံဆုံးနေရာ

🏠သင့်အတွက်အလုံခြုံဆုံးနေရာ🏠
=================================
📌အခုလို COVID-19 ကပ်ရောဂါကူးစက်ပျံ့ပွားနေတဲ့အချိန်မှာ မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စများနှင့် အစားအသောက်ဝယ်ယူခြင်းမှလွဲပြီး မိမိအိမ်မှာ (Home Stay)နေထိုင်ခြင်းဖြင့်ကူညီဖို့ အစိုးရအဖွဲ့အစည်းများမှတိုက်တွန်းထားပါတယ်။

ဒါ့ကြောင့် လုံခြုံမှုရှိတဲ့သင့်အိမ်မှာပဲနေခြင်းဖြင့်

👩‍👩‍👧‍👦သင်ကိုယ်တိုင်သာမက သင့်ပတ်ဝန်းကျင်၊ သင်ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေအတွက် ကူညီပါ။

👨‍⚕️ဆရာဝန်၊ သူနာပြုတွေနှင့် ကျန်းမာရေးဝန်ထမ်းများကိုကူညီပါ။

📌 မြန်မာပြည်သူပြည်သားများအားလုံးကို ကူညီပါ။

“ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုထိရောက်သည်” ဆိုတဲ့စကားအတိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေးနည်းလမ်းများကိုလက်တွေ့ကျင့်သုံးပြီး တတ်နိုင်သမျှမိမိအိမ်တွင်သာနေထိုင်ခြင်းဖြင့် အားလုံးဝိုင်းဝန်းကူညီကြရအောင်….