တတိယအကြိမ် Zifam ဆေးကုမ္ပဏီဝန်ထမ်းများစုပေါင်းသွေးလှူပွဲ

တတိယအကြိမ် Zifam ဆေးကုမ္ပဏီဝန်ထမ်းများစုပေါင်းသွေးလှူပွဲCOVID-19 ရောဂါကြောင့် မြန်မာနိုင်ငံ၌သွေးအလှူရှင်များနည်းပါး လျက်ရှိပြီး သွေးလိုအပ်ချက်မြင့်တက်နေသောအချိန်အတွင်း တတိယအကြိမ် Zifam ဆေးကုမ္ပဏီဝန်ထမ်းများစုပေါင်းသွေးလှူပွဲကို

📌၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၆) ရက် (သောကြာနေ့)တွင် ရန်ကုန်မြို့ ရှိအမျိုးသားသွေးဌာနတွင်လည်းကောင်း၊
📌၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ (အင်္ဂါနေ့)တွင် ပုသိမ်မြို့ တွင်လည်းကောင်း၊
📌၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့ (ကြာသပတေးနေ့)တွင် မကွေးမြို့ တွင်လည်းကောင်း၊
📌၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ (သောကြာနေ့)တွင် မန္တလေးမြို့ တွင်လည်းကောင်း၊
📌၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ (သောကြာနေ့)တွင် တောင်ကြီးမြို့ တွင်လည်းကောင်း၊
📌၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ (သောကြာနေ့)တွင် ကျိုင်းတုံမြို့ တွင်လည်းကောင်း၊
📌၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ (သောကြာနေ့)တွင် ကလေးမြို့ တွင်လည်းကောင်း
အသီးသီး ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သွေးလှူပွဲဒါန်းပွဲတွင် ကာလဒါနပါဝင်လှူဒါန်းခဲ့ကြသော Zifam ဆေးကုမ္ပဏီမှဝန်ထမ်းများ၊ သွေးလှူဒါန်းသူများအဆင်ပြေချောမွေ့စေရန် ကူညီဆောင်ရွက်ပေးပါသော အမျိုးသားသွေးဌာနမှဝန်ထမ်းများနှင့် ပါဝင်ကူညီခဲ့ကြသူများအားလုံးကို Zifam Company မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။