ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day 2020)
အောက်တိုဘာလ (၁၀) ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) ဖြစ်ပါတယ်။
ယခုအချိန်မှာ COVID 19 ရောဂါကမ္ဘာနှင့်အဝှမ်းကူးစက်ပျံ့ပွားနေတဲ့အတွက် လူတိုင်းလူတိုင်းဟာ ရောဂါကူးစက်ခံရမှာကြောက်ရွံ့တဲ့စိုးရိမ်စိတ်များနှင့်အတူ
နောက်ဆက်တွဲထိခိုက်မှုတွေဖြစ်တဲ့ စီးပွားရေးနှင့် လူမှုရေးအဆင်မပြေမှုများကြောင့် စိတ်ဖိစီးမှုတွေကိုခံစားနေကြရပါတယ်။
ကျန်းမာရေးဝန်ထမ်းများ အိမ်ပြန်ရမှာစိုးရိမ်လာကြတယ်။ ကျောင်းသူ/သားများ အနေနဲ့ စာသင်ကျောင်းမှာ အရင်လို သူငယ်ချင်း၊ ဆရာ/ဆရာမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စာမသင်ရတော့ဘဲ အိမ်ကနေပဲစာသင်နေကြရတယ်။ ဝန်ထမ်း/အလုပ်သမားများအနေဖြင့်လည်း အလုပ်အကိုင်ရှားပါးလာမှု၊ ဝင်ငွေလျော့နည်းလာမှုတွေကိုခံစားနေရပါတယ်။
စိတ်ကျန်းမာရေးဝေဒနာရှင်များသာမက လူတိုင်း စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေခံစားနေရတဲ့အတွက် ယခု ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဆောင်ပုဒ်ကို ” Mental Health for All, Greater Investment – Greater Access” လို့ World Federation for Mental Health အဖွဲ့ကြီးမှသတ်မှတ်ပေးထားပါတယ်။ အနက်အဓိပ္ပါယ်အားဖြင့် လူသားတိုင်း အရည်အသွေးပြည့်မှီတဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို ခံစားခွင့်ရရှိဖို့ ဖြစ်ပါတယ်။
လူသားတိုင်း စိတ်ကျန်းမာရေးအခြေအနေများအပေါ် မပေါ့ဆသင့်ပါဘူး။ မိမိမှာစိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုများရှိနေလျှင် ပတ်ဝန်းကျင်မှာရှိတဲ့ မိဘ၊ မိတ်ဆွေ၊ အပေါင်းအသင်းများကို ရင်ဖွင့်တိုင်ပင်ပြောဆိုသင့်ပါတယ်။ လူချင်းမတွေ့နိုင်ပေမယ့် ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်၊ Video Call ခေါ်ပြီးတော့ပဲဖြစ်ဖြစ် တစ်ဦးနှင့်တစ်ဦးအားပေးကူညီပေးနိုင်ပါတယ်။
ဒါ့ကြောင့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (2020) အထိမ်းအမှတ်အနေဖြင့် မြန်မာပြည်သူပြည်သားများအားလုံး စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ၊ ခံစားနေရမှုများလျော့နည်းပြီး ကျန်းမာပျော်ရွှင်နိုင်ပါစေလို့ ဩစတြေးလျနိုင်ငံထုတ် Protec အားဆေးမှဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။
The Complete Antioxidant with GSE
#worldmentalhealthday2020 #mentalhealthforall #greaterinvestmentgreateraccess