“အဘိဓမ္မာအခါတော်နေ့”

“အဘိဓမ္မာအခါတော်နေ့”

မြန်မာသက္ကရာဇ် (၁၃၈၂) ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၅)ရက် “သီတင်းကျွတ်လပြည့်နေ့” သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အတွက် အလွန်ပင်ထူးခြားမွန်မြတ်လှသော နေ့ထူးရက်မြတ်ကြီး တစ်ရက်ပဲဖြစ်ပါတယ်။

မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ” အစရှိသော အဘိဓမ္မာခုနှစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါဏပြုပြီး လူ့ပြည်လူ့ရွာသို့ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ကို “အဘိဓမ္မာနေ့” ဟုခေါ်ဝေါ်ကြပါတယ်။

သီတင်းကျွတ်လပြည့်နေ့တွင် နတ်ပြည်မှ လူ့ပြည်သို့ဆင်းလာသော မြတ်စွာဘုရားကို လင်းလက်တောက်ပသော လပြည့်ဝန်းကြီးနှင့်အတူ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအနေဖြင့် အိမ်၊ ကျောင်း၊ တန်ဆောင်းများတွင် ဆီမီး၊ မီးပုံးများ ထွန်းညှိပူဇော်ကြိုဆိုကြပါတယ်။

ထို့ကြောင့် ဤမွန်မြတ်လှသော “အဘိဓမ္မာနေ့” မှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ပြီး ဗုဒ္ဓအဆုံးအမတရားများကို ကျင့်ကြံအားထုတ်ကာ မြတ်သောနိဗ္ဗန်ကို မျက်မှောက်ပြုနိုင်ကြပါစေလို့ Zifam Myanmar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Facebook Comments