အပြည်ပြည်ဆိုင်ရာသူနာပြုနေ့ (၂၀၂၀)

အပြည်ပြည်ဆိုင်ရာသူနာပြုနေ့ (၂၀၂၀)

ယနေ့ ၂၀၂၀ ခုနှစ်၊ မေလ (၁၂) ရက် (အင်္ဂါနေ့) က အပြည်ပြည်ဆိုင်ရာသူနာပြုနေ့ ဖြစ်ပါတယ်။ နိုင်ငံအသီးသီးတွင်ကမ္ဘာသူကမ္ဘာသားများ၏ ကျန်းမာရေးစောင့်ရှောက် မှုအခန်း ကဏ္ဍတွင်တစ်ဖက်တစ်လမ်းမှ ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးနေသော သူနာပြုဆရာ၊ဆရာမများကို အပြည်ပြည်ဆိုင်ရာသူနာပြုနေ့တွင် လေးစားစွာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း Covid-19 ဖြစ်ပွားနေချိန်တွင် Covid-19 နှင့်ပတ်သက်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အားစွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေပါသော မြန်မာနိုင်ငံရှိသူနာပြုဆရာ၊ဆရာမများ (Trained Nurse, Staff Nurse, Sister, Matron) တို့အား အပြည်ပြည်ဆိုင်ရာသူနာပြုနေ့တွင် Zifam Myanmar မှ ထပ်လောင်းဂုဏ်ပြုအပ်ပါသည်။

 

Facebook Comments