အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (၂၀၂၀)

📌ယနေ့ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့ ဗုဒ္ဓဟူးနေ့ဟာ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ရဲ့ ဆောင်ပုဒ်က “Youth Engagement for Global Action” ဖြစ်ပါတယ်။

📌အဓိပ္ပါယ်အနေနဲ့ လူငယ်များအနေနဲ့ မိမိတို့ရဲ့ ပတ်ဝန်းကျင်၊ တိုင်းပြည် နှင့်လူမျိုး၊ ကမ္ဘာ့အရေးကိစ္စများမှာ ပါဝင်ပတ်သက်မှု၊ အကျိုးပြုမှုဆောင်ရွက်မှုများကို မြှင့်တင်စေလိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။

👉အဆိုပါ ကဏ္ဍအသီးသီးမှာ လူငယ်များပိုမိုပါဝင်လာခြင်းဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကိုပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းသာယာပြီး ပိုမိုလှပတဲ့ကမ္ဘာကြီးကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

🙏ဒါကြောင့် ကမ္ဘာနှင့်အဝှမ်းရှိလူငယ်များအနေနဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာ ပါဝင်ဆောင်ရွက်မှုကိုမြှင့်တင်နိုင်ပြီး အများအကျိုးကိုသယ်ပိုးနိုင်ပါစေလို့ Zifam Myanmar မှဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။

 

 

Facebook Comments