“ရာသီတုပ်ကွေးနှင့် ဆင်တူယိုးမှားတွေးစရာများ” Facebook Live အစီအစဉ်…

📣“ရာသီတုပ်ကွေးနှင့် ဆင်တူယိုးမှားတွေးစရာများ” Facebook Live အစီအစဉ်…
 
👨‍⚕️အထွေထွေအထူးကုသမားတော်ကြီး ပါမောက္ခဦးဇော်လင်းအောင်မှ “ရာသီတုပ်ကွေးနှင့် ဆင်တူယိုးမှားတွေးစရာများ” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေး Facebook Live အစီအစဉ်ကို ၂၀၂၂ခုနှစ်၊ ဇွန်လ (၄) ရက် (စနေနေ့) နေ့လည် (၁) နာရီတွင် ဟောပြောသွားမှာဖြစ်ပါသည်။
 
🤔ယခုလိုအချိန်တွင် နှာစေးချောင်းဆိုးဖြစ်လာပါက ရာသီတုပ်ကွေးလား၊ ကိုဗစ်-၁၉ ရောဂါလား…
 
🤔ရာသီတုပ်ကွေးအပြင် တစ်ခြားတုပ်ကွေးရောဂါတွေရော ဘာတွေဖြစ်နိုင်သေးလဲ…
 
🤔ရာသီတုပ်ကွေးကသေစေနိုင်လား…
 
🤔ရာသီတုပ်ကွေးကာကွယ်ဆေးနှင့် ကိုဗစ်ကာကွယ်ဆေးတို့ကို ပူးတွဲထိုးလို့ရလား…
 
🤔ရာသီတုပ်ကွေးဖြစ်လာပါက ပိုးသတ်ဆေးသောက်တာဟာ မှန်ကန်တဲ့အလေ့အထလား အစရှိတဲ့ ကျန်းမာရေးဗဟုသုတများကို စုံလင်စွာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
 
😍“ရာသီတုပ်ကွေးနှင့် ဆင်တူယိုးမှားတွေးစရာများ” ကျန်းမာရေးအသိပညာပေး Facebook Live အစီအစဉ် Zifam ကုမ္ပဏီမှ ကြီးမှူးကျင်းပပြီး Australia နိုင်ငံထုတ် Supravit အဆင့်မြင့်အားဆေးမှ ဂုဏ်ယူစွာဖြင့် အဓိကကူညီပံ့ပိုးပေးထားပါသည်။
 

“ရာသီတုပ်ကွေးနှင့် ဆင်တူယိုးမှားတွေးစရာများ” Facebook Live အစီအစဉ်…