Omega 3 ရဲ့ကာကွယ်မှုစွမ်းအား

📌COVID 19 ရောဂါပိုးကိုကာကွယ်ထိန်းချုပ်နိုင်ဖို့ သတင်းကောင်းတစ်ခုအနေနဲ့ ထိုင်းဆေးဘက်ဆိုင်ရာသတင်း (Thailand Medical News) မှာဖော်ပြချက်အရ Omega 3 Fatty Acid ဖြည့်စွက်အားဆေးဟာ COVID 19 ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးများကိုကာကွယ်နိုင်ခြေရှိတယ်လို့ဖော်ပြထားပါတယ်။


💊ဘာကြောင့်လဲဆိုတော့ Omega 3 Fatty Acid များဖြစ်ကြတဲ့ EPA, DHA နှင့် DPA တို့မှရရှိတဲ့ Resolvin ဓာတ်ကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Resolvin ဟာ COVID 19 ကြောင့်ဖြစ်တဲ့ Cytokine Storm ကိုကာကွယ်နိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။

👉Cytokine Storm ဆိုတာ COVID 19 ရောဂါဝင်လာတဲ့အခါမှာဖြစ်တဲ့ လူ့ခန္ဓာကိုယ်ရှိ ကိုယ်ခံအားမှတုံ့ပြန်သောဓာတ်ဖြစ်တဲ့ Cytokine များ ရုတ်တရက်အများအပြားထွက်လာခြင်းဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ အဆုတ်အလွန်အမင်းရောင်ရမ်းခြင်း (Pulmonary Hyper-inflammation) အပါအဝင် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများလည်းရောင်ရမ်းပြီး ပျက်စီးစေပါတယ်။

💊ဒါ့အပြင် Omega 3 Fatty Acid ဟာ နှလုံး၊ သွေးတိုး နှင့် အခြားရောဂါများတွင်လည်း ကောင်းကျိုးများစွာရှိပြီး ဘေးထွက်ဆိုးကျိုးအလွန်နည်းတဲ့အတွက် သောက်သုံးဖို့သင့်တော်ပါတယ်

Ref:
https://bit.ly/2Z1VN57
https://bit.ly/2y51STb