Covid 19 ထပ်ဖြစ်နိုင်ခြေရှိ/မရှိ

Covid 19 ထပ်ဖြစ်နိုင်ခြေရှိ/မရှိ

📌Covid ဖြစ်ပြီးသွားပြီ၊ Antibody ထွက်ပြီးပြီဆိုပြီးသတိလက်လွတ်မနေသင့်ပါဘူး။ အကြောင်းကတော့ Covid ဖြစ်ပြီးလို့ Antibody ထွက်ပြီးတဲ့သူတွေမှာတောင် နောက်တစ်ကြိမ်ထပ်မံကူးစက်ခံရနိုင်တဲ့အတွက်ဖြစ်ပါတယ်။

🤺Covid ဖြစ်ပြီးလို့ Antibody ထွက်ပြီးပြီဆိုရင် ခြောက်လလောက်အထိကာကွယ်မှုရနိုင်တယ်လို့ ယခင်ကပြုလုပ်ထားတဲ့ သုတေသနစာစောင်များမှာဖော်ပြထားပါတယ်။ ဒါပေမယ့် အပြည့်အဝကာကွယ်မှုပေးနိုင်တယ်လို့မဆိုထားပါဘူး။ ပြောချင်တာကတော့ နောက်တစ်ကြိမ်ထပ်မံကူးစက်ခံရနိုင်တယ်ဆိုတာပါပဲ။

📌ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ Scientific Brief စာစောင် (May 10,2021) အရ Covid ကူးစက်ခံရဖူးသူများအနေနဲ့ ၇လအထိ နောက်တစ်ကြိမ်ကူးစက်ခံရမှုကို ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိကာကွယ်မှုပေးပဲဖြစ်ပါတယ်။ ဆိုလိုတာက ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းလောက်ကပြန်ဖြစ်နိုင်ပါတယ်။ ဒါတောင် ၇ လအတွင်းသာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ဖြစ်နိုင်ချေပိုများနိုင်ပါတယ်။

👉နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ အသက် ၆၅ နှစ်အထက်လူကြီးတွေမှာဆိုရင် Covid နောက်တစ်ခါကူးစက်ခံရနိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိပါတယ်လို့အဆိုပါ WHO စာစောင်မှာဖော်ပြထားပါတယ်။

👴ဒါ့ကြောင့် အသက် ၆၅ နှစ်အထက်ရှိတဲ့သူများအနေနဲ့ နောက်တစ်ကြိမ်ထပ်မံကူးစက်မှုကိုကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးခြင်း၊ Covid 19 ကာကွယ်ရေးနည်းလမ်းများဖြစ်တဲ့ ခပ်ခွာခွာနေခြင်း၊ Mask တပ်ခြင်း၊ လက်ဆေးခြင်းများကို Covid ဖြစ်ပြီးသွားရင်တောင်ပိုပြီးဂရုတစိုက်လုပ်ဆောင်ကြဖို့ March 17, 2021 ထုတ် Lancet Journal ရဲ့ သုတေသနစတမ်းတစ်ခုမှလည်းတိုက်တွန်းထားပါတယ်(Reference တွင်ကြည့်ရှုနိုင်ပါသည်)။

📌နောက်ထပ် တရုတ်နိုင်ငံ Beijing Ditan ဆေးရုံမှာပြုလုပ်ထားတဲ့သုတေသနစာတမ်း တစ်ခုမှာတော့ လူပေါင်း ၁၀၉ ယောက်ကိုစမ်းသပ်ရာမှာ ၂၇ ရာခိုင်နှုန်းခန့် Covid 19 ရောဂါထပ်မံကူးစက်ခံရပြီး ထပ်မံကူးစက်ခံရသူများအနက်မှ ၂၄ ရာခိုင်နှုန်းပဲရောဂါလက္ခဏာပြတာကိုတွေ့ရပါတယ်။ ⏱အဆိုပါစာတမ်းအရ နောက်တစ်ကြိမ်ကူးစက်ခံရသူတွေဟာ ရောဂါပိုးစစ်ဆေးလို့ Negative ထွက်ပြီးနောက် ၁၇ ရက်ခန့်မှာ Positive ပြန်ဖြစ်နိုင်တယ်လို့လည်းဆိုထားပါတယ်။

#Zifam #CaringforWellbeing

References
WHO, 2021. World Health Organization. [Online]
Available at: https://apps.who.int/iris/handle/10665/341241
[Accessed 16 Aug 2021].

Hansen, C., Michlmayr, D., Gubbels, S., Mølbak, K. and Ethelberg, S., 2021. Assessment of protection against reinfection with SARS-CoV-2 among 4 million PCR-tested individuals in Denmark in 2020: a population-level observational study. The Lancet, 397(10280), pp.1204-1212.

Chen, Z., Xie, W., Ge, Z., Wang, Y., Zhao, H., Wang, J., Xu, Y., Zhang, W., Song, M., Cui, S., Wang, X. and Pan, C., 2021. Reactivation of SARS-CoV-2 infection following recovery from COVID-19. Journal of Infection and Public Health, 14(5), pp.620-627.