🤒ဖျားပြီးချောင်းဆိုးတိုင်း Covid လား?

🤒ဖျားပြီးချောင်းဆိုးတိုင်း Covid လား?

📌Covid 19 ရောဂါပိုးအနေနဲ့ မျိုးရိုးဗီဇကွဲတွေဘယ်လောက်ပဲများများ အဓိကအဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့သိပ်မပြောင်းသေးပါဘူး။

👉အဖြစ်အများဆုံးလက္ခဏာတွေကတော့ အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အနံ့အရာသာပျောက်ခြင်းတို့ဖြစ်ပါတယ်။

🤔Covid 19 ရောဂါမှာ အဖျားကြီးခြင်းအပြင် ချောင်းဆိုးခြင်းပါတွဲတတ်လေ့ရှိပါတယ်။ ချောင်းဆိုးခြင်းဆိုတဲ့နေရာမှာလည်း တစ်ခါတစ်ခါဆိုးရင် တစ်နာရီလောက်ကြာအောင်ထိဆိုးတတ်တာမျိုး၊ တစ်ရက်ကို သုံးကြိမ်အထက် တစ်နာရီလောက်ကြာအောင်ဆိုးနေတာမျိုးဆိုရင် Covid 19 ကြောင့်ပိုဖြစ်နိုင်ပါတယ်။ အရင်ကတည်းကချောင်းဆိုးလေ့ရှိသူတွေမှာတော့ချောင်းဆိုးခြင်းလက္ခဏာပိုမိုဆိုးဝါးနိုင်ပါတယ်။

👅👃အနံ့/အရသာပျောက်ခြင်းလို့အလွယ်တကူခေါ်ကြပေမယ့် အမှန်တော့ အရင်တုန်းကနဲ့စာရင် အနံ့/အရသာပြောင်းလဲ နေရင်လည်းရောဂါလက္ခဏာအဖြစ်သတ်မှတ်နိုင်ပါတယ်။

အထက်ပါလက္ခဏာတွေအပြင် Covid 19 ရောဂါရှိသူတွေမှာ
📍နှာခေါင်းပိတ်ခြင်း/နှာရည်ယိုခြင်း
📍မျက်စိနီခြင်း
📍လည်ချောင်းနာခြင်း
📍ခေါင်းကိုက်ခြင်း
📍ကြွက်သားနဲ့အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း
📍အနီစက်များထွက်ခြင်း
📍ခေါင်းမူး/အော့အန်ခြင်း
📍ဝမ်းပျက်ဝမ်းလျောခြင်း
📍ချမ်းတုန်ခြင်း
စတာတွေခံစားရနိုင်ပါတယ်။

ပြင်းထန်တဲ့ ကိုဗစ်၁၉ ရောဂါလက္ခဏာများကတော့
📌အသက်ရှုရခက်ခြင်း/အသက်ရှုမဝခြင်း
📌အစားအသောက်ပျက်ခြင်း
📌ကယောင်ကတမ်းဖြစ်ခြင်း
📌အချိန်ကြာမြင့်စွာရင်ဘက်အောင့်ခြင်း/ရင်ကျပ်ခြင်း
📌အဖျားကြီးခြင်း (အပူချိန် ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ထက်များခြင်း) ဖြစ်ပါတယ်။

Zifam Myanmar Fan များနှင့် မြန်မာပြည်သူပြည်သားများအားလုံး ကိုဗစ်၁၉ ကပ်ရောဂါဆိုးကြီးမှအမြန်ဆုံးကင်းဝေးပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်….

#Zifam #CaringforWellbeing #Covid19 #Symptoms #health #covid #fever #cough #breathing #problem

Ref:
NHS, 2021. NHS (National Health Service). [Online]
Available at: https://lnkd.in/gdn_zmf
[Accessed 6 July 2021].
CDC, 2021. CDC (Centers of Disease Control and Prevention). [Online]
Available at: https://lnkd.in/dkbkYdZ
[Accessed 6 July 2021].
WHO, 2021. World Health Organization. [Online]
Available at: https://lnkd.in/g6XrynS
[Accessed 6 July 2021].