(၆) ပေအကွာမှာ နေပေးပါ…..

📌မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ဓာတ်ခွဲအတည်ပြုလူနာများအနက် (၆၁%) ခန့်မှာ ရောဂါလက္ခဏာပြသခြင်း မရှိတာကိုတွေ့ရပါတယ်။

📌ရောဂါလက္ခဏာပြသခြင်းမရှိဘဲ မိမိအနားရှိ အမြင်အားဖြင့် နေကောင်းနေတဲ့သူ များထံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေနိုင်ပါတယ်။

📌ကိုရိုနာဗိုင်းရပ်စ်ပိုးသည် စကားပြောခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းမှတစ်ဆင့် အနီးပတ်ဝန်းကျင်သို့ အများအားဖြင့် (၃) ပေမှ (၆) ပေခန့်အထိ ပျံ့နှံ့ရောက်ရှိနိုင်တာကို တွေ့ရှိရပါတယ်။

📣ဒါကြောင့်မို့ ရောဂါကူးစက်ခြင်းမခံရဖို့ အခြားသူများနဲ့ အနည်းဆုံး (၆) ပေအကွာ တွင်သာ နေထိုင်ရမှာဖြစ်တယ်ဆိုတာကို Zifam Myanmar မှအသိပေးအပ်ပါတယ်။

မှတ်ချက်။ ။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (Ministry of Health and Sport, Myanmar MOHS) မှထုတ်ပြန်ထားသော “ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခြင်းမခံရအောင် အခြားသူတွေနဲ့ ဘာကြောင့် (၆) ပေ အကွာမှာ နေသင့်တာလဲ” ပိုစ့်မှ ကောက်နုတ်ဖော်ပြထားပါသည်….

#Zifam #CaringforWellbeing