နှစ်ခြိုက်စွာအိပ်ပျော်ဖို့

နှစ်ခြိုက်စွာအိပ်ပျော်ဖို့…😴

😴အကြောင်းအရင်းအမျိုးမျိုးကြောင့်အိပ်စက်ရခက်ခဲခြင်းတွေဖြစ်တတ်ပါတယ်။ အခုလို အလွန်ကြောက်ဖို့ကောင်းတဲ့ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ Home Stay နေရပြီးစိတ်ဖိစီးမှုအလွန်များတဲ့အတွက်လည်း ညဘက်မှာအိပ်စက်ရခက်ခဲတာတွေဖြစ်တတ်ပါတယ်။ 📌အိပ်ရေးဝဝအိပ်ခြင်းဟာကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့အတွက် ညဘက်အိပ်စက်ရခက်ခဲသူတွေအတွက်နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်မယ့်နည်းလမ်းကောင်းများကိုမျှဝေပေးလိုက်ပါတယ်။

(၁) အချိန်ပုံမှန်သတ်မှတ်ပြီးအိပ်ပါ/အိပ်ယာထပါ
သင့်ရဲ့အိပ်ချိန်/အိပ်ယာထချိန်ကိုသတ်မှတ်ထားပြီး တတ်နိုင်သမျှနေ့စဉ်သတ်မှတ်ချိန်မှာအိပ်ပါ/အိပ်ယာထပါ။ စစချင်းမှာတော့ အိပ်မရတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့်အချိန်ပုံမှန်သတ်မှန်ပြီး အိပ်ကြည့်ခြင်းဖြင့် သင့်ခန္ဓာကိုယ်မှာရှိတဲ့ Biological Clock ကအလေ့အကျင့်ဖြစ်သွားပြီး သတ်မှတ်ချိန်ရောက်ရင် အိပ်ချင်လာပါလိမ့်မယ်။

(၂) ☀️နေ့ခင်းမှာအိပ်စက်ခြင်းဟာ ညဘက်မှာအိပ်မပျော်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်နေ့ခင်းဖက်အိပ်စက်ခြင်းကိုတတ်နိုင်သမျှရှောင်ကြဉ်ပါ။

(၃) အရက်/ကော်ဖီလျှော့သောက်ပါ။ ညဘက်အချိန်မှာ 🥃အရက်၊☕️ကော်ဖီ သောက်ထားရင်အိပ်စက်ရခက်တာ ဒါမှမဟုတ် အိပ်ပေမယ့်လည်းအိပ်ရေးမဝတာမျိုးတွေဖြစ်တတ်ပါတယ်။ ညဘက်မှမဟုတ်ပါဘူး နေ့ဘက်မှာ အရက်၊ကော်ဖီ အလွံအကျွံသောက်ထားရင်လည်းညဘက်မှာအိပ်စက်ရခက်တာမျိုးဖြစ်နိုင်ပါတယ်။

(၄) 📱📺ညဘက်အိပ်စက်ချိန်မှာ ဖုန်းသုံးခြင်း/ တီဗီကြည့်ခြင်းကိုရှောင်ကြဉ်ပါ။ 📱ဖုန်း/📺တီဗီကိုကြည့်နေခြင်းဖြင့် ခန္ဓာကိုယ်ကနိုးကြားတက်ကြွနေတဲ့အတွက် အိပ်စက်ဖို့ခက်ခဲတတ်ပါတယ်။

(၅) 🧘‍♂️စိတ်ဖိစီးမှုကိုတတ်နိုင်သမျှလျှော့ပါ။ လေ့ကျင့်ခန်းလုပ်ခြင်း၊တရားထိုင်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဖုန်းမှတဆင့်စကားပြောခြင်းအားဖြင့်စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

(၆) ⛹️‍♂️လေ့ကျင်းခန်းပုံမှန်လုပ်ပါ။ လေ့ကျင်းခန်းပုံမှန်လုပ်ပေးခြင်းဟာ နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ ဒါပေမယ့်အိပ်စက်ချိန်နဲ့အနည်းဆုံး သုံးနာရီလောက်ခွာပြီးလေ့ကျင့်ခန်းကိုအဆုံးသတ်သင့်ပါတယ်။ အခုလို home stay အချိန်မှာတော့ နံနက်ပိုင်းနဲ့ ညနေပိုင်းအချိန်များမှာလေ့ကျင့်ခန်းလုပ်ဖို့ပိုမိုသင့်တော်ပါတယ်။

(၇) အိပ်ခါနီးအစားအသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ 🍜ညစာနောက်ကျစားခြင်း ဒါမှမဟုတ် 🍕အိပ်ခါနီးအစာပြေစာစားသောက်ခြင်းတို့ဟာ အစာအိမ်နဲ့အူလမ်းကြောင်းကိုလှုံ့ဆော်တဲ့အတွက် အိပ်စက်ရခက်ခဲတတ်ပါတယ်။ အိပ်ခါနီးအရည်များများသောက်ထားရင်လည်း ဆီးအိမ်တင်းစေပြီး ညဘက်မှာမကြာခဏဆီးထသွားရတာမျိုးဖြစ်စေတဲ့အတွက်အိပ်ရေးပျက်စေပါတယ်။

သူငယ်ချင်းတို့မှာနှစ်ခြိုက်စွာအိပ်ပျော်စေမယ့်နည်းလမ်းတွေရှိသေးရင်လည်းပါဝင်ဆွေးနွေးပေးသွားဖို့ဖိတ်ခေါ်ပါတယ်နော်။