စားသောက်ဆိုင်တွင်စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်အချက်များ

🏠 အိမ်မှာနေရတာကြာပြီ နောက်ပြီး အိမ်မှာပဲချက်ပြုတ်စားသောက်နေရတာ ငြီးငွေ့လာတဲ့အတွက် 🍜🍽အခုလိုစားသောက်ဆိုင်အချို့ပြန်လည်ဖွင့်တဲ့အချိန်မှာ စားသုံးသူများအနေ နဲ့လိုက်နာရမည့်အချက်များကို ဝေမျှပေးလိုက်ပါတယ်။

🤒 ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း စတဲ့လက္ခဏာတွေ ခံစားနေရရင် စားသောက်ဆိုင်သို့လုံးဝမသွားသင့်ပါ။

👵 အသက်အရွယ်ကြီးသူများ၊ ကိုယ်ခံအားနည်းသူများ၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာ ရောဂါရှိသူများအနေနဲ့ စားသောက်ဆိုင်သို့လုံးဝမသွားသင့်ပါ။

👉 ပါးစပ်နှင့် နှာခေါင်းစည်း (Mask)၊ မျက်နှာကာ (Face Shield) တို့ပါမှသာ စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်ရပါမယ်။

👉 စားသောက်ဆိုင်အတွင်းမဝင်ခင် လက်ဆေးပါ။

 စားသောက်ဆိုင်အတွင်း အချိန်ကြာမြင့်စွာမထိုင်ပါနှင့်။

👉 စားပွဲမျက်နှာပြင်များ၊ ပရိဘောဂများအား ထိတွေ့မိပါက အနည်းဆုံး အယ်ကိုဟော (၆၀) % ပါသော လက်သန့်စင်ဆေးရည်များဖြင့်လက်ကိုသန့်စင်ပြီးမှသာ အစားအစာ စားသုံးရပါမယ်။

👉 စားသောက်ဆိုင်တွင် သန့်စင်ခန်းအသုံးပြုပါက ရေနှင့်ဆပ်ပြာဖြင့် လက်ကို စနစ်တကျဆေးကြောရပါမယ်။

👉 စားသောက်ဆိုင်ကနေ အိမ်ကိုရောက်ရင် အဝတ်အစားများကို ချက်ခြင်းလဲလှယ်ပြီး လျှော်ဖွတ်ဖို့လိုအပ်ပါတယ်။

📌 ဒါကြောင့် မိဘပြည်သူများအနေဖြင့် စားသောက်ဆိုင်များမှတဆင့် COVID 19 ရောဂါပိုးကူးစက်ခြင်း ကိုကာကွယ်နိုင်ဖို့အတွက် အထက်ပါအချက်များကိုလိုက်နာဆောင်ရွက်ဖို့ Zifam Myanmar မှတိုက်တွန်းနှိုးဆော်အပ်ပါတယ်။

Credit – Ministry of Health and Sports Myanmar FB page